ဇာတ်လမ်းကတော့ စိတ်သဘောထားချင်း လုံးဝမတိုက်ဆိုင်တဲ့ ဖအေတူ မအေကွဲ ညီအစ်ကိုနှစ်ယောက်အကြောင်းပါ။အစ်ကိုဖြစ်သူ James (Dave Bautista) က စည်းကမ်းကြီးတဲ့ Navy SEAL တစ်ယောက်ဖြစ်ပြီး၊ညီဖြစ်သူ Jonny (Jason Momoa) ကတော့ ထင်ရာစိုင်းတတ်တဲ့ ရဲတစ်ယောက်ပေါ့။ သူတို့နှစ်ယောက်ကမတည့်ကြလို့ အဆက်အသွယ်ဖြတ်ထားကြတာ ကြာပါပြီ။ဒါပေမဲ့ ဟာဝိုင်ယီမှာရှိတဲ့ သူတို့အဖေ ထူးထူးဆန်းဆန်း အ-တ်ခံလိုက်ရတဲ့အခါမှာတော့ ဒီအမှုမှန်ကိုဖော်ထုတ်ဖို့အတွက် မလွှဲမရှောင်သာ ပြန်ပေါင်းထုတ်ရပါတော့တယ်။အဖေဖြစ်သူရဲ့ သေဆုံးမှုနောက်ကွယ်မှာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတွေ၊ Yakuza ဂိုဏ်းသားတွေ ပါဝင်ပတ်သက်နေတာကိုသိလိုက်ရတဲ့အခါ…
မတည့်တဲ့ ညီအစ်ကိုနှစ်ယောက် ရန်သတ်ရင်းနဲ့ လူဆိုးတွေကို ဘယ်လို ပညာပေးမလဲဆိုတာ ဟာသနှောပြီး ကြည့်ရမှာပါ။ဒါရိုက်တာက Blue Beetle ကို ရိုက်ခဲ့တဲ့သူဆိုတော့ အက်ရှင်ခန်းတွေ၊ တိုက်ခိုက်ခန်းတွေက သေသပ်လှပပါတယ်။ဟာဝိုင်ယီ ကျွန်းရဲ့ အလှအပတွေနဲ့ Buddy Cop ဇာတ်ကား (ရဲဘော်နှစ်ယောက် တွဲလုပ်ရတဲ့ကား) စတိုင်မျိုးကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ဇာတ်လမ်းကတော့ အရမ်းကြီး ဆန်းပြားနေတာမျိုး မဟုတ်ပေမဲ့၊ ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ကြမ်းကြမ်း၊ ဟာသရွှင်ရွှင်ကြည့်ချင်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ Popcorn ဇာတ်ကားကောင်း တစ်ကားပါပဲ။
Download Now ကို နှိပ်လိုက်တာနဲ့ တန်းဒေါင်းပါတယ် ကြော်ငြာပေါ်လာလည်း ခဏလောက်စောင့်ပေးလိုက်ပါ ဒေါင်းမှာလားလို့ပေါ်လာရင် Download ကိုနှိပ်လိုက်တာနဲ့တန်းဒေါင်းပါပြီ






